ရွာမှ သူငယ်ချင်းများသိစေရန်

ရွှေမိုးညို | 9:42 am | Best Blogger Tips

လျှပ်စစ်မရှိသည့် ဘုံလုံးအိုင်ရွာမြွေဆိပ်ဖြေဆေး မြေမြုပ်ပြီး အအေးခံရ




မြွေဆိုး ပေါများရာ ပဲခူးတိုင်း အနောက်ခြမ်း အုတ်ဖိုမြို့ နယ်နှင့် မိုးညိုမြို့ နယ်တို့တွင် မြွေကိုက်ခံရပါက အသက်ကယ် မြွေဆိပ် ဖြေဆေး ကို မိုးညိုမြို့၏ (၄) မိုင်ခန့် အကွာ ဘုံလုံးအိုင် ကျေးရွာတွင် အချိန်မရွေး ရရှိနိုင်ကြောင်း သတင်း ရရှိသည်။

အဆိုပါ မြွေဆိပ်ဖြေဆေးမှာ ရန်ကုန်တွင် တလုံး (၅) သောင်းကျပ်ပေးရပြီး မြွေပွေးအဆိပ်ဖြေဆေး (၂) လုံး၊ မြွေဟောက် အဆိပ်ဖြေဆေး (၂) လုံး စုစုပေါင်း (၄) လုံးကို ဘုံလုံးအိုင် ကျေးရွာလူငယ်တို့မှ ငွေကြေးစိုက်ထုတ် ၀ယ်ယူထားကြကြောင်း၊ အဆိုပါ ဆေးတို့ကို ရေခဲဘူး (သို့မဟုတ်) ရေခဲသေတ္တာထဲ၌ နာရီမလပ် အအေးဓာတ် ပေးထားရကြောင်း ဒေသခံလူငယ်များက ရှင်းပြသည်။

မိုးညိုမြို့နယ်နှင့် အုတ်ဖိုမြို့နယ် ပြည်သူ့ဆေးရုံတို့သာမက မင်းလှ၊ ကြို့ပင်ကောက်၊ ဇီးကုန်းမြို့နယ် ဆေးရုံတို့သည် (၂၄) နာရီ မီးအပြည့်မရရှိခြင်းနှင့် ရေခဲဘူးထည့်ရန် ရေခဲမလွယ်ကူသည့်အပြင် မြွေဆိပ်ဖြေဆေးကို စိတ်ရှည်ရှည် စောင့်ကြည့်ပေးမည့် ၀န်ထမ်းအခက်အခဲလည်း ရှိသည်ဟု သိရသည်။

ထို့အတွက် အဆိုပါ ပြည်သူ့ဆေးရုံကြီးတို့တွင် မြွေကိုက်လူနာရောက်ရှိလာပါက ဘုံလုံးအိုင်ကျေးရွာသို့ အမြန်လွှတ်ကာ မြွေဆိပ်ဖြေဆေးကို အရေးပေါ် ယူငင်အသုံးပြုကြကြောင်း၊ လူနာရှင်တို့မှာ နောက်တနေ့ ရန်ကုန်တက်၍ မြွေဆိပ်ဖြေဆေးဝယ်ယူကာ ဘုံလုံးအိုင်ကျေးရွာသို့ အစားထိုးပြန်ပေးရကြောင်း ဒေသခံ လူငယ်များမှ ဆက်ရှင်းပြသည်။

နိုင်ငံတော်အနေဖြင့် ကြက်ဥမှ မြွေဆိပ်ဖြေဆေး ရရှိရန် စမ်းသပ်နေပြီ၊ ကုသပေးနေပြီဟု ပြည်တွင်း မီဒီယာများ၌ တခမ်းတနား ဖော်ပြနေသော်လည်း မြွေဆိုးပေါများရာ အရပ်ဒေသများ၌ လက်တွေ့တွင် အကျိုးမရှိကြောင်း ဒေသခံများက ပြောသည်။

ဘုံလုံးအိုင်ကျေးရွာသည် အိမ်ခြေ (၈၀) ခန့်သာရှိသော်လည်း လူသားစိတ်ရှိသော လူကြီးများ၊ ခေတ်အမြင်ရှိသော လူငယ်များ၏ အမြော်အမြင်ဖြင့် မြွေကိုက်လူနာများ၏အသက်ကို ကယ်တင်ပေးနိုင်ခဲ့သည်။

ဘုံလုံးအိုင် ကျေးရွာသည် စိမ့်စမ်းပေါများသည်ကြောင့် စိမ့်ထွက်ရာ သဲမြေကို အတန်ငယ်ယက်၍ မြွေဆိပ်ဖြေဆေး ပုလင်းကို သဲတွင်းထဲသို့ အမှတ်အသားပြုထည့်ထားရကြောင်း၊ ဆေးပုလင်းများကို (၂၄) နာရီ အအေးပေးစနစ် ထားရှိနိုင်သည့် ပထ၀ီအနေအထား ရှိနေခြင်းကြောင့် မြွေကိုက်လူနာများ၏ အသက်ကို အချိန်မီကယ်တင်နိုင်ခြင်း ဖြစ်ကြောင်း ကျေးရွာလူကြီးတဦးက ပြောသည်။
Like Box လေးမှအမှန်ခြစ်မပေါ်သေးရင် like လုပ်ပေးခဲ့ပါဦးနော်..
{[['']]}

0 comments:

Post a Comment

⋙-⋗( ကျနော်တင်သမျှဖတ်ချင်ရင်⋙ℒike⋘သွားပါ)⋖-⋘

ဖေ့ဘုတ်မှာကွန်မန့်ပေးချင်ရင်ပုံကိုကလစ်ပီးကွန်မန့်ပေးနိုင်ပါပီ




************************************

*အဆင်မပြေတာတွေရှိခဲ့ရင်
*
*( viber whatsapp wechat )
*
* အဆင်ပြေမဲ့နေရာတွေကနေ
*
* SMS ပို့ပီးအကူညီတောင်းနိုင်ပါတယ်
*
* ချက်ဘောက့်တွေကနေတဆင့်လိုချင်တာတွေ
*
* တောင်းထားနိုင်ပါတယ်
*
* အဆင်မပြေခဲ့တာတွေရှိခဲ့ရင်လည်း
*
*ခွင့်လွှတ်သီးခံပေးကျပါနော်..
*
************************************