စိုးရိမ်ဖွယ်ရာရှိတဲ့ GreenLand ရဲ့ အရေပျော်မှု (NASA)

ရွှေမိုးညို | 11:02 am | | Best Blogger Tips

                                                     image:nasa
တခုတလော ကျွန်တော် Australia မှာတော့ အေးပြီးချမ်းနေပေမဲ့ တခြားနိုင်ငံတွေမှာ အတော်ကို အပူချိန်
တွေ ပြင်းထန်နေပါတယ်။ ဒါနဲ့ ပက်သက်ပြီးတော့ ကျွန်တော်တို့ အားလုံးသတိထားပြီးကြည့်နေတဲ့
GreenLand ရေခဲပြင်ကြီးရဲ့  ၉၇% ရာခိုင်လောက်ကချက်ချင်း ဆိုသလို ရေခဲကနေပြီးတော့   ရေခဲစ(ရေခဲအရေပျော်) သွားတာကို တွေ့ရတယ် ပုံမှန်ဘဲလာတော့ မသိဘူး။

GreenLand က ဖြည်းဖြည်းခြင်း အရေပျော်နေတာကတော့ ကြာပါပြီး လွန်ခဲ့တဲ့ နှစ်၃၀လောက်ကနေ
စပြီးတော့ သိပ္ပံပညာရှင်တွေက ဂျိုတု(satellite)က မျက်ခြေမပျက်စောင့်ကြည့်နေခဲ့ကြပါတယ် ဒါပေမဲ့ ဒီလောက်  ၉၇ % ရာခိုင်နှုန်းလောက် အရေပျော်သွားတာကိုတော့ နားမလည်းနိုင်အောင်ဖြစ်ပြီး Climatologists  (ရာသီဥတုဆိုင်ရင် ပညာရှင်)များရဲ့ အတည်ပြုမှုကို စောင့်ကြည့်နေပါတယ်။

July 8 , နေ့မှာ တုန်းကတော့ ၈% ရာခိုင်နှုန်းသာ အရေပျော်သေးတဲ့လို့ ဂျိုတု(satellite) ကနေသိရ
ပေမဲ့ နောက် ၄ရက်အကြာမှာ အခုကဲ့သို့ ၉၇%ရာခိုင်နှုန်း အရေပျော်သွားခြင်းဖြစ်ပါတယ်။
Ridge of Warm air လို့ခေါ်တဲ့ ပူပြင်းတဲ့လေက နိုင်ငံအချို့ကိုတိုက်ခတ်တဲ့ အချိန်မှာဖြစ်နေတော့
ဒီ Ridge of Warm air ရဲ့ ပူပြင်းတဲ့လေကြောင့် ရုတ်တရတ် ၉၇% ရာခိုင်းနှုန်းလောက် အရေပျော်သွား
တာဖြစ်နိုင်တယ်လို့လဲ ယူဆနေကြပါတယ်
ဤကဲ့သို့ ရေခဲအရေပျော်မှုကြီးကို လွန်ခဲ့တဲ့ 1889 ခုနစ်တုန်းက တခါဖြစ်ဘူးတယ်လို့  ရေခဲတွေကို
သုသေတန ပြုလုပ်တဲ့အခါမှ တွေ့ရပါတယ် ဒီလိုဖြစ်ပျက်ခြင်းက နှစ်၁၅၀ မှ တခါဖြစ်တက်တယ်လို့
ပြောပါတယ် အခုရေခဲအရေပျော်ရခြင်းဟာလဲ နှစ်၁၅၀ ပြည့်ခါနီး လို့ဖြစ်တာလဲဖြစ်နိုင်ပါတယ်။

ဒါပေမဲ အခုလောလောဆယ်မှတော့ သုသေတနပြုလုပ်သူများက ဒီ Greenland အရေပျော်ခြင်းက
ပင်လယ်ရေပြင်ကို မြင့်တက်စေမလား ဆိုတာကိုတော့ လေ့လာမှုလုပ်နေတုန်းပါ။ ဒါပေမဲ့ ဤကဲ့သို့
ဖြစ်ပျက်ခြင်းက နောက်နှစ်လဲ ထက်ဖြစ်နေအုန်းမယ် ဆိုရင် ကမ္ဘာမြေကြီးရဲ့ ရေခဲ ထိန်းသိမ်းမှုနဲ့
ရာသီဥတုကို အန္တရာယ်များကြီး ဖြစ်စေနိုင်ပါတယ်။

SBSangpi (စံပီး)

Ref:http://www.popsci.com.au/science/in-record-summer-heat-97-percent-of-greenland-s-surface-ice-turns-to-slush (NASA)
Like Box လေးမှအမှန်ခြစ်မပေါ်သေးရင် like လုပ်ပေးခဲ့ပါဦးနော်..
{[['']]}

0 comments:

Post a Comment

⋙-⋗( ကျနော်တင်သမျှဖတ်ချင်ရင်⋙ℒike⋘သွားပါ)⋖-⋘

ဖေ့ဘုတ်မှာကွန်မန့်ပေးချင်ရင်ပုံကိုကလစ်ပီးကွန်မန့်ပေးနိုင်ပါပီ




************************************

*အဆင်မပြေတာတွေရှိခဲ့ရင်
*
*( viber whatsapp wechat )
*
* အဆင်ပြေမဲ့နေရာတွေကနေ
*
* SMS ပို့ပီးအကူညီတောင်းနိုင်ပါတယ်
*
* ချက်ဘောက့်တွေကနေတဆင့်လိုချင်တာတွေ
*
* တောင်းထားနိုင်ပါတယ်
*
* အဆင်မပြေခဲ့တာတွေရှိခဲ့ရင်လည်း
*
*ခွင့်လွှတ်သီးခံပေးကျပါနော်..
*
************************************