ပို့စ်တင်နည်း (ဘလော့ကာအသစ်များအတွက်-သီးသန့်)

ရွှေမိုးညို | 5:31 am | Best Blogger Tips


သည်နေ့တင်တဲ့ သည်ပို့စ်လေးကတော့ ဘလော့ကာလောကထဲစ၀င်လာတဲ့ ၀ါသနာရှင်လေးများအတွက် အဓိကထားရေးလိုက်တာပါ။ ၀ါသနာပါလို့ ကဗျာတွေ စာပေတွေ ၀င်ရေးကြမယ်ဆိုရင် အဆင်ပြေစေရန်အတွက် ရည်ရွယ်လိုက်တာပါ။  သိပြီး တတ်ပြီးသူတွေအတွက်တော့... ကျော်ခွ သွားလိုက်ပေါ့...ကဲ စမယ်နော်..

အဆင့် (၁) ။                     ။  ပထမအနေနဲ့ www.blogger.com ကိုဝင်လိုက်ပါ။

အပေါ်ကပုံလေးတိုင်း မိမိတို့ ဘလော့ကာ အကောင့် အတိုင်းဝင်လိုက်ပါ။

အဆင့် (၂)  ။                     ။

အပေါ်ပုံကတိုင်း ပို့စ်တင်မယ်ဆိုရင် ခဲတံအ၀ါရောင်လေးဖြစ်တဲ့ New Post ကိုကလစ်လိုက်ပါ.
သူ့ဘေးက ပြထားတာလေးကတော့ တင်ပြီးသော ပို့စ်များကို ပြန်လည် ကြည့်နိုင်တာပါ..
မကြိုက်လို့ အမှားရှိလို့ ပြန်လည် ပြုပြင်လိုပါက ပြုပြင်လိုသော ပို့ခေါင်းစဉ် အောက်မောက် ထောက်ပါ  Edit  ဆိုတာလေးကလစ်ပြီး ပြန်လည် ပြင်ဆင်ရေးသားနိုင်ပါတယ်...

အဆင့် (၃)  ။                  ။

မိမိတို့ ရေးလိုသော စာများ ကို ရေးလိုက်ပါ.. ကော်ပီ ယူလာပါကလဲ အကွက်ကြီးးထဲမှာ ဘဲ past ချလိုက်ပါ... မိမိတို့ စာသားရဲ့ ခေါင်းစဉ်ကို အထက်က Publish ရှေ့က post title ဆိုတဲ့ အကွက်လေးထဲမှာဘဲ ရေးသားရပါမည်... ခေါင်းစဉ်ကို အကွက်ကြီးထဲ တွင် မရေးရပါ
စာသားတွေကို လိုအပ်သလို အပေါ်ပုံပြထားသည့်အတိုင်း ကာလာ -အရွယ်အစား- နောက်ခံကာလာ- လုပ်စရာတော့ အစုံပါဘဲ  ဒါပေမယ့် အရေးပါတာလေးလောက်ဘဲ သုံးပါ ကာလာဆိုတာကလဲ အရေးပါတဲ့ စာလုံးလောက်ဘဲ ချယ်တာ ကောင်းပါတယ်...
ပြီးတာနဲ့ ညာဘက် က Labels ဆိုတာကလစ်ပါ.. သူကတော့ ကိုယ်တင်တဲ့ စာပေရဲ့ အမျိုးအစား ကိုရေးပေးရပါမယ်.. ဥပမာ။  ။  ကဗျာတင်တာဆို ကဗျာ လို့ရေးရမှာပါ.. ရေးပြီးသားတွေ ရှိပါက အောက်က ရှာလိုက်ပါ ရှိပြီးသားကို ကလစ်ပေးယုံပါဘဲ  အောက်က Done ပေးလိုက်ပါ။
အိုကေ... ပြည့်စုံတာနဲ့ တင်မယ်ဆိုရင်  အပေါ်ဆုံးက title နောက်က Publish ဆိုတာကို ကလစ်တင်လိုကတာနဲ့ ဘလော့ပေါ် ရောက်ပါပြီ။

မှတ်ချက် .  ။     ။  ပို့စ်တင်တဲ့အခါ လုပ်နိုင်သော အချက်အလက်လေးများ ရှင်းပြထားခြင်း။


(၁) စာလုံး အကြီးအသေး ရွေးရန်။   (၂)  စာလုံး အထူအပါး   (၃) စာလုံးအစောင်းဒီဇိုင်း
(၄) စာလုံးအောက်ကမျဉ်းတားရန်    (၅)  စာလုံးအရောင်ကာလာ  (၆)  စာလုံးနောက်ခံကာလာ
(၇)  လင့်ညွှန်ရန်         (၈)  ပုံတင်ရန်    (၉)  video တင်ရန်    (၁၀) ပို့စ်ခေါက်ရန် 
(၁၁) စာလုံးများ ညီအောင် ညှိရန်     (၁၂)  စာကြောင်းတွေကို နံပါတ် နဲ့ပြရန်
(၁၃)  စာကြောင်း ရှေ့က အမဲစက်လေးနဲ့ ပြရန်..

အကုန်တော့ မလိုအပ်ပါဘူးးး  အမြဲ လိုအပ်တဲ့ ဟာကိုဘဲ  သုံးပါ.. ကာလာ ဆိုတာကလဲ အရေးပါတဲ့ စာလုံးလေးကိုဘဲ ရွေးပြီး ချယ်သင့်တာပါ။ အဓိက ကျတာလေေးတွကိုဘဲ လုပ်ကြည့်ပါ။
မရှင်းတာရှိပါက စာချန်မေးခဲ့နိုင်ပါတယ်....  စေတနာ များစွာဖြင့်
အောင်အောင်(မကစ)
www.aungsanmks.blogspot.com
www.ledimyethar.blogspot.com
တို့ရဲ့ c-box မှာ မရှင်းတာရှိပါက ရေးသားခဲ့နိုင်ပါတယ်....


Like Box လေးမှအမှန်ခြစ်မပေါ်သေးရင် like လုပ်ပေးခဲ့ပါဦးနော်..
{[['']]}

6 comments:

Nyi Khaing said...

ညီညီသင်ယူသွားပါတယ်အကိုရေ

အောင်မြင်ပါစေဗျာ

Nyi Khaing said...

ညီညီသင်ယူသွားပါတယ်အကိုရေ

အောင်မြင်ပါစေဗျာ

Nyi Khaing said...

ညီညီသင်ယူသွားပါတယ်အကိုရေ

အောင်မြင်ပါစေဗျာ

အထက(၄)အာစရိယ ပူဇော်ပွဲ said...

ွှ့Thank you so much.

Sky Waiyan said...

အကိုရေ ညီ နားမလည်တာက HTML ထဲမှာ ထည့်ရမယ့်Code တွေကို ဘယ်က ယူရမလဲအကို

အောင်ဆန်း said...

Sky Waiyan ရေ ကုဒ်ဆိုတာ သူ့နည်းပညာနဲ့ သက်ဆိုင်ရာကုဒ်တွေတော့ ရှိပါတယ်... နည်းပညာတိုင်းမှာ ကုဒ်တွေပေးထားပါတယ်...အဲလိုပေးထားတာကိုဘလဲ html မှာ ထည့်ရှာရတာပါ... ဆိုဘားအတွက်ဆိုလည်း ကုဒ်တွေ ရှိပါတယ်... လေ့လာကြည့်လိုက်ပါနော်

Post a Comment

⋙-⋗( ကျနော်တင်သမျှဖတ်ချင်ရင်⋙ℒike⋘သွားပါ)⋖-⋘

ဖေ့ဘုတ်မှာကွန်မန့်ပေးချင်ရင်ပုံကိုကလစ်ပီးကွန်မန့်ပေးနိုင်ပါပီ




************************************

*အဆင်မပြေတာတွေရှိခဲ့ရင်
*
*( viber whatsapp wechat )
*
* အဆင်ပြေမဲ့နေရာတွေကနေ
*
* SMS ပို့ပီးအကူညီတောင်းနိုင်ပါတယ်
*
* ချက်ဘောက့်တွေကနေတဆင့်လိုချင်တာတွေ
*
* တောင်းထားနိုင်ပါတယ်
*
* အဆင်မပြေခဲ့တာတွေရှိခဲ့ရင်လည်း
*
*ခွင့်လွှတ်သီးခံပေးကျပါနော်..
*
************************************