ခေတ်သစ်မှတ်တမ်း

ရွှေမိုးညို | 7:02 pm | Best Blogger Tips

 ကံကြမ္မာရဲ့ ကကွက်တစ်ခု
ဝက်သစ်ချပင်တွေ အစီရီပွင့်လို့
မျှော်လင့်ချက်တွေ လမ်းလျှောက်ထွက်နေခဲ့ ...

မာယာလို့တော့မသုံးနှုန်းပါနဲ့ ..ကောင်မလေး ..
င့ါရဲ့ဆေးစက်တွေကျရာ မှင်ထင်ခဲ့တာမှမဟုတ်တာ...
ငါတို့... ခပ်လွင့်လွင့်လေးတီးခဲ့ကြတဲ့ မနက်ဖြန် ..
ဒရောသောပါးနဲ့ ငါတို့အရိပ်တွေကိုကြိုဆိုနေသယောင်...
(ဒါမှမဟုတ်).. ကျီစယ်နေသယောင် ဖြန့်ကြန့်ထားရဲ့ ...

ကာလတွေရဲ့အရောင်ကို မင်းဘာချယ်မလည်း...
ခပ်ရင့်ရင့်လား..ခပ်ဖျော့ဖျော့လား....
ဒါမှမဟုတ် ကမ္ဘာရဲ့ပထမဆုံးသောအရောင်တွေထဲက တစ်ခုလား...

ပစ္စုပ္ပန်ကိုသတိရတိုင်း ( macallan ) 12 သားက အပြုံးချိုချိုနဲ့...ငါ့ကို..
ဆီးကြိုနေကြ..အဲဒီချိန်တိုင်း...
အပြုံးခပ်ပါးပါးလေးတွေ...
ငါ့ရဲ့..အရေကြီးဆုံးနေရာမှာ ဝင်လိုက်ထွက်လိုက်နဲ့.. 
( သူ...တိုးတိုးလေးပြောသွားတယ်..ကိုယ်စားပေါ့တဲ့ ) ..

ကောင်မလေးရေ..တစ်ခုပဲမေးလိုက်ချင်ရဲ့.....
ကမ္ဘာဟာ ငါတို့မဟုတ်တော့တဲ့ချိန် ...
ငါတို့သာ ကမ္ဘာတစ်ခုဆိုရင် မင်းဘယ်လိုလုပ်မလည်း... 


                                                                                     မိုးနေ
Like Box လေးမှအမှန်ခြစ်မပေါ်သေးရင် like လုပ်ပေးခဲ့ပါဦးနော်..
{[['']]}

0 comments:

Post a Comment

⋙-⋗( ကျနော်တင်သမျှဖတ်ချင်ရင်⋙ℒike⋘သွားပါ)⋖-⋘

ဖေ့ဘုတ်မှာကွန်မန့်ပေးချင်ရင်ပုံကိုကလစ်ပီးကွန်မန့်ပေးနိုင်ပါပီ




************************************

*အဆင်မပြေတာတွေရှိခဲ့ရင်
*
*( viber whatsapp wechat )
*
* အဆင်ပြေမဲ့နေရာတွေကနေ
*
* SMS ပို့ပီးအကူညီတောင်းနိုင်ပါတယ်
*
* ချက်ဘောက့်တွေကနေတဆင့်လိုချင်တာတွေ
*
* တောင်းထားနိုင်ပါတယ်
*
* အဆင်မပြေခဲ့တာတွေရှိခဲ့ရင်လည်း
*
*ခွင့်လွှတ်သီးခံပေးကျပါနော်..
*
************************************