ပြောင်းဖူး seafood ဟင်းချို

ရွှေမိုးညို | 8:58 am | Best Blogger Tips

ပြောင်းဖူး seafood ဟင်းချို






 ပြောင်းဖူး နဲ့  seafood stick ဟင်းချိုလေးက ချက်ရတာအင်မတန် လွယ်ကူပါတယ်။တရုတ်

အစားအစာတွေထဲမှာလဲ  နံမယ်ကြီးတဲ့  ဟင်းချိုလေးပါ။ တရုတ်စားသောက်ဆိုင် တိုင်းလိုလို ရဲ့ 

Menu မှာ ပါဝင်ပါတယ်။ seafood နဲ့ မတည့် တဲ့  သူတွေဆိုရင် ကြက်သားကို ပြုတ်ထဲ့ ပြီး seafood အစား

သုံးနိုင်ပါတယ်။ပါဝင်တဲ့ ပစ္စည်းတွေကတော့  ပြောင်းဖူး ၂ဖူး ( ဗူးနဲ့ လာတဲ့  ပြောင်းဖူးသုံးနိုင်ပါသည်)၊

seafood stick ၅ချောင်း၊ကြက်သွန်မြိတ် ၊သကြားအနည်းငယ်၊ကြက်သားမှုန့် ၊ ဆား အနည်းငယ်၊ ပြောင်း

မှုန့်  (၃ ဇွန်း) ၊ကြက်ဥ ၂ လုံးတို့  လိုအပ်ပါတယ်။





အရင်ဆုံး ရေ  ၈၅၀ မီလီလီတာ ကို ကြက်သားမှုန့်  ၁ဇွန်းထဲ့ ပြီ မီးဖို ပေါ်တွင် တည်ထားပေးပါ။ပြီးရင်

ပြောင်းဖူး ၂ ဖူးကိုလှီးပြီ Blander ထဲထည့် ကြိတ်ပေးပါ။ seafood stick နဲ့ ကြက်သွန်မြိတ်ကို ပါးပါးလှီးပေး

ထားပါ။ ကြက်ဥ နှစ်လုံးကို ခွက်တလုံးထဲ တွင် အလယ်က အနှစ်အ၀ါ ကိုဖယ် ပြီး ခလောက်ထားပေးပါ။

အိုးထဲက ရေဆူလာရင် အရင်ဆုံး  ပေါင်းဖူးနဲ့  seafood stick ကိုအရင်ထည့် ပေးပါ။ ၄- ၅မိနစ် လောက်

နေရင် ပြောင်းဖူးမှုန့် ကိုရေဖျော် ပြီးထည့် ပေးပါ။ သကြား ၁ဇွန်းထည့် ပါ။ ပြောင်းဖူးမှုန့် ကြောင့် 

အရည်လေးတွေ ခပ်ပျစ်ပျစ် လေး ဖြစ်လာပြီဆို ရင် မီးပိတ်ပြီး ကြက်ဥ ထည့် ပေးပါ။

အဆက်မပြတ် ၁ မိနစ်လောက် မွှေ ပေးပါ။ပြီးရင် အပေါ့ အငန် မြည်းကြည့် ပါ။ပေါ့ နေရင် ဆားအနည်း

ငယ်ထည့်ပေးပါ။ပြီးရင် လှီးထားသောကြက်သွန့် မြိတ်လေးတွေဖြူးပြီးသုံးဆောင်နိုင်ပါသည်။

(လူ ၄- ၆ အတွင်းသောက်သုံးနိုင်ပါသည်။)



 

ကဲမိတ်ဆွေများ လုပ်စားကြည့်လိုက်ပါအုံးနော် ကျေးဇူးတင်ချင်ရင်တော့ 
http://barbielay.blogspot.com ကိုသာကျေးဇူးတင်ပါ အဲဆိုဒ်ကနေယူလာတာပါ

ဒီပို့စ် ကို PDF အနေနဲ့ သိမ်းဆည်းလိုပါက အောက်မှာဒေါင်းလိုက်ပါဗျာ

Like Box လေးမှအမှန်ခြစ်မပေါ်သေးရင် like လုပ်ပေးခဲ့ပါဦးနော်..
{[['']]}

0 comments:

Post a Comment

⋙-⋗( ကျနော်တင်သမျှဖတ်ချင်ရင်⋙ℒike⋘သွားပါ)⋖-⋘

ဖေ့ဘုတ်မှာကွန်မန့်ပေးချင်ရင်ပုံကိုကလစ်ပီးကွန်မန့်ပေးနိုင်ပါပီ




************************************

*အဆင်မပြေတာတွေရှိခဲ့ရင်
*
*( viber whatsapp wechat )
*
* အဆင်ပြေမဲ့နေရာတွေကနေ
*
* SMS ပို့ပီးအကူညီတောင်းနိုင်ပါတယ်
*
* ချက်ဘောက့်တွေကနေတဆင့်လိုချင်တာတွေ
*
* တောင်းထားနိုင်ပါတယ်
*
* အဆင်မပြေခဲ့တာတွေရှိခဲ့ရင်လည်း
*
*ခွင့်လွှတ်သီးခံပေးကျပါနော်..
*
************************************