Warts ကြွက်နို့အကြောင်း

ရွှေမိုးညို | 10:16 am | Best Blogger Tips


 Photo of warts on hand and fingers

Warts ကြွက်နို့

ကြွက်နို့ဆိုတာ Human papilloma virus (HPV) ခေါ်တဲ့ (ဗိုင်းရပ်စ်) ကြောင့် ဖြစ်ရတာပါ။ ဒီပိုးကလဲ အမျိုးပေါင်း ၁ဝဝ ကျော်ရှိဆိုဘဲ။
Warts ကြွက်နို့ Fri, Aug 16, 2013 at 3:26 PM
ကျွန်တော့ခြေဖ၀ါးမှာ ကြွက်နို့ပေါက်နေပါတယ်ဆရာ။ သူ့အလိုလိုပျောက်သွားမှာဆိုလို့ ထားလိုက်တာ အခု ၅ ခုတောင်ဖြစ်လာတယ်ဆရာ။ ဘယ်လိုကုသရမယ်၊ ဘာဆေးတွေသုံးရမယ်ဆိုတာ ညွန်ကြားပြသပေးပါ။

ကြွက်နို့ဆိုတာ Human papilloma virus (HPV) ခေါ်တဲ့ (ဗိုင်းရပ်စ်) ကြောင့် ဖြစ်ရတာပါ။ ဒီပိုးကလဲ အမျိုးပေါင်း ၁ဝဝ ကျော်ရှိပါတယ်။ တစ်ကိုယ်လုံးမှာ ကြွက်နို့ ပေါက်တတ်ပါတယ်။ ကူးလဲ ကူးတတ်ပါတယ်။ အထူးသဖြင့် လိင်လမ်းကြောင်း (ပါးစပ်၊ မွေးလမ်းကြောင်း၊ စအို) တွေမှာ ဖြစ်တဲ့ ကြွက်နို့က ပိုပြီးကူးတတ်တယ်။ ဒါကြောင့် အကာအကွယ်မဲ့ အတူနေတာ ရှောင်ကိုရှောင်ပါ။ တချို့ အမျိုးသမီးများမှာ အပြင်ကနေ မသိနိုင်တဲ့ သားအိမ်အဝမှာ ကြွက်နို့ ပေါက်နေတတ်ပြီး သူများကို ကူးစက်နိုင်ပါတယ်။

တချို့ကြွက်နို့များက အလိုလို ပျောက်သွားနိုင်ပါတယ်။ ဒါပေမဲ့ ပျောက်မှာဘဲဆိုပြီး စောင့်မနေဘဲ ကုဖို့တိုက်တွန်းပါတယ်။ ကုသနည်းကလဲ ကြွက်နို့ပေါက်တဲ့နေရာ မတူရင် မတူ ပြန်ပါ။ သတိပေးချင်တာက ဆေးမြီးတိုနည်းတွေကို အားမပေးလိုပါ။ ကားဆိပ်-ရေဆိပ်-လမ်းဘေးတွေမှာ အလွယ်ဝယ်ရတဲ့ ဆေးတွေဆိုတာ အာမခံချက် မရှိပါ။ အသားတွေကို စားပစ်မယ့် အက်စစ်ဓာတ် ပါတာတွေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် မျက်နှာနဲ့ လိင်လမ်းကြောင်းမှာ ပေါက်တာမျိုးဆိုရင် ပိုဆိုးသွားပါလိမ့်မယ်။

• ခြေ-လက်တွေမှာ ပေါက်တာမျိုးကို Salicylic acid လိမ်းဆေးကို လိမ်းပေးရင်ရပါတယ်။ နေ့တိုင်း ရက်ကြာကြာ လိမ်းရပါမယ်။ ရေချိုးပြီးနောက် အရေပြားက ခပ်စိုစိုလေး ရှိနေတုံး ဆေးလိမ်းတာ ပိုထိရောက်ပါတယ်။ နောက်ထပ် ရေတစ်ခါ မချိုးခင် ကျောက်တုံးကြမ်းလေးနဲ့ ပွတ်တိုက်ပြီး သေနေတဲ့ အရေပြားလွှာကို ရှင်းထုတ် ပစ်ရပါဦးမယ်။

• နောက်ဆေး တစ်ခုက Cantharidin ဖြစ်ပါတယ်။ ဒီဆေးလိမ်းကာစ ဘယ်လိုမှ မခံစားရပေမယ့် ၃-၄ နာရီ ကြာလာရင် နာလာပါမယ်။ ဆေးလိမ်း ပြီးရင် တစ်ရက် တိုင်တိုင် ပတ်တီး စည်းပေးထားတာ ပိုကောင်းပါတယ်။ Cantharidin နဲ့ ရောထားတဲ့ ဆေးမျိုး ဆိုရင် ၂ နာရီကြာရင် ပတ်တီး ဖြည်ပေးရပါမယ်။

• Liquid nitrogen ဆိုတာ ကြွက်နို့ကို အေးခဲသွားစေတဲ့ ဆေးကုနည်း Cryotherapy ဖြစ်ပါတယ်။ ၂ ကြိမ်ကနေ ၄ ကြိမ် ရက်ခြားပြီး လုပ်ပေးရပါတယ်။ ၁ ပါတ်ကနေ ၃ ပါတ်ပဲ ကြာမှာပါ။

• နောက်တစ်နည်းကတော့ မီးမြှိုက်တဲ့ နည်းပါ။ ထုံဆေးထိုးပြီး လျှပ်စစ်နဲ့ဖြစ်ဖြစ် အရက်ပြန် မီးခွက်သုံးပြီးဖြစ်ဖြစ် ကြွက်နို့ကို စိတ်ရှည်လက်ရှည် မီးရှို့ ပစ်တာပါ။ လေဆာရောင်ခြည် သုံးတဲ့နည်းလဲ ရှိပါတယ်။ ဒီနည်းတွေက ပြင်းလို့ အမာရွတ် ထင်ကျန် နေနိုင်ပါတယ်။

• ကြွက်နို့ကို တစ်နည်းနဲ့ မရရင် နောက်တစ်နည်းသုံးပြီး ကုရတတ်ပါတယ်။ အပြီးတိုင် ပျောက်သွားတာ ရှိသလို ပြန်လဲ ဖြစ်တတ်ပါတယ်။ လိင်လမ်းကြောင်း ကြွက်နို့က ပိုပြီး ပြန်ဖြစ်တတ်ပါတယ်။

• လိင်လမ်းကြောင်းမှာဖြစ်ရင် ခွဲစိတ် ကုသနည်း သုံးနိုင်ပါတယ်။ တစ်ခုတော့ရှိတယ် ဖြစ်ရတာက (ဗိုင်းရပ်စ်) မို့ ဒီပိုးတော့ ခွဲရုံနဲ့ ရှင်းသွားမှာ မဟုတ်ပါ။ ဒါ့ကြောင့် ပြန်ဖြစ်နိုင်ပါတယ်။ (STI) လို့ ခေါ်တဲ့ လိင်ကတဆင့် ကူးစက်ရောဂါ အုပ်စုထဲမှာ ပါတာပါ။

• မိန်းမကိုယ်၊ စအို၊ စသဖြင့်အတွက် လိမ်းဆေးတွေ ရှိပါတယ်။ သိပ် မပွား၊ မကြီးသေးတဲ့ အနာမျိုးဆိုရင် စနစ်တကျ ထည့်ပေး ကုသပေးရင် ပျောက်ကင်းသွားပါတယ်။ တပါတ်တခါ ထည့်ရတဲ့ Podophyllin 10 - 25% တို့  Tri or Bi-Chloroacetic acid 80 - 90% တို့ကို သုံးပြီး ကုသပေးလို့ရပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ အဲဒီ ဆေးတွေ ရှိ၊ မရှိ မသေချာပါ။ အခြားနိုင်ငံတွေ (အိမ်နီးချင်း နိုင်ငံတွေအပါအဝင်) မှာတော့ သုံးနေကြပါတယ်။

Oral warts ပါးစပ် (ခံတွင်း) မှာပေါက်တဲ့ ကြွက်နို့က ရှားတော့ရှားပါတယ်။ တခြား ကြွက်နို့တွေလို Human papillomavirus (HPV) ဗိုင်းရပ်စ်ကနေ ဖြစ်တာပါပဲ။ နှုတ်ခမ်းမှာရော ခံတွင်းထဲက ဘယ်နေရာမှာမဆို ဖြစ်နိုင်ပါတယ်။ Oral sex ဆက်ဆံရာမှာ ပါးစပ်သုံးတာကြောင့် ကူးတာပါ။ လိင်လမ်းကြောင်း ကြွက်နို့က ကြာရင် ကင်ဆာ ဖြစ်နိုင်တယ်။ ကျားလိင်တံနဲ့ သားအိမ်အဝ ဖြစ်တာတွေကိုသာ ပြောတာပါ။ သတိထားဘို့က အမြင်အားဖြင့် ကြွက်နို့ ပေါက်နေတာ မရှိပေမယ့် သူ့ပိုး ရှိပြီဆိုရင် လိင်ဆက်ဆံမိတာနဲ့ ကူးနိုင်ပါတယ်။ (ကွန်ဒွန်း) သုံးတာတောင် ကြွက်နို့ ပေါက်တဲ့နေရာကို မဖုံးမိရင် ကူးနိုင်ပါတယ်။

လိင်လမ်းကြောင်း ကြွက်နို့ကို ခွဲစိတ်နည်း၊ လေဆာနည်းနဲ့ အေးခဲစေတဲ့နည်း တစ်မျိုးမျိုးနဲ့ ကုနိုင်ပါတယ်။ ဆေးလိမ်းနည်းကို မသုံးစေချင်ပါ။ ခွဲစိတ်တာမှာ Loop Electrosurgical excision procedure (LEEP) နည်းကို သုံးတာမျိုးလဲ ရှိပါတယ်။ ခွဲစိတ်တာက ထုံဆေးပဲလိုတာမို့ နောက်ထပ် ခွဲရလဲ ပူစရာမရှိပါ။

HIV ပိုး ကူးစက်ခံထားရသူတွေမှာ ပိုဖြစ်ပါသတဲ့။ တိတိကျကျ ပြောရရင် CDC အရေအတွက် ၂ဝဝ-၃ဝဝ ထက် နည်းနေရင် ဖြစ်စေနိုင်တယ်။ သိပ်နည်းလွန်းတဲ့ ၁ဝဝ အောက် သမားတွေကတော့ ဆေးကုရာကနေ တုန့်ပြန်ချက်အရ ဖြစ်တာပါတဲ့။ အလားတူ ခုခံအားမကောင်းသေးတဲ့ ကလေးတွေ သူတို့မိခင်မှာ HPV ရှိနေရင် မွေးတဲ့အချိန်မှာ ကူးစက်ပြီး ကလေး ပါးစပ်မှာ ကြွက်နို့ ပေါက်နိုင်ပါတယ်။

ကြွက်နို့တွေက ပါးစပ်၊ ခံတွင်းမှာ ပေါက်ရင်လဲ မနာပါ။ သေသေချာချာ ကြည့်ဖို့လိုပါတယ်။ ပါးစောင်ကို ခဏခဏ ကိုက်မိလို့ ဖြစ်တာက ကြွက်နို့ မဟုတ်နိုင်ပါ။ ခပ်မြန်မြန် ကြီးလာတဲ့ အနာလို မုံလာပွင့်လို ဆိုရင်တော့ ကင်ဆာ ဖြစ်နိုင်လို့ အီလက်ထရွန်-မိုက်ကရိုစကုပ်နဲ့ စစ်ဆေးတာမျိုး လုပ်ရပါမယ်။

ကုသဖို့က ပြန်ပြန်ဖြစ်တတ်တာမို့ ခက်ပါတယ်။ Cryosurgery အေးခဲနည်း ဒါမှမဟုတ် ခွဲထုတ်တာ၊ ဒါမှမဟုတ် Carbon dioxide laser လေဆာနည်းတွေ သုံးရမှာပါပဲ။ ပါးစပ်နှုတ်ခမ်းတို့ ပါးစပ် ဒေါင့်စွန်း တို့မှာ ဖြစ်တာမျိုးကိုတော့ Podofilox လိမ်းဆေးတွေ ဖြစ်တဲ့ (Condylox) ဒါမှမဟုတ် Fluorouracil 5% (Efudex) တွေကို သုံးနိုင်ပါတယ်။ Imiquimod 5% cream (Aldara) ဆိုတာက ပျောက်သွားပြီးမှ ပြန်ဖြစ်မှာကို တားဖို့အတွက် သုံးနိုင်ပါတယ်။

ကြွက်နို့ပျောက် မြန်မာတိုင်းရင်းဆေးနည်းများ (ဆေးပညာသုတအဖြစ် ထည့်ထားတာ။ ကျွန်တော့်ကိုယ်တွေ့ မဟုတ်ပါ။)

 ၁။ ကြောင်လျှာပင်မှ အခေါက်ကို ဖဲ့ခွာ၍ ကျောက်ပျဉ်၌ ရေဖြင့် ခပ်ပျစ်ပျစ်ကလေးသွေးပြီး၊ အရည်ကို ပထမဦးဆုံး ပေါက်သော ကြွက်နို့ပေါ်တွင် အမြဲမပြတ် လိမ်းပေးပါ။
၂။ ချင်းတက်ကို ထိပ်ဘက်မှ ဓားဖြင့်လှီးပါ။ ထိုလှီးထားသောနေရာအား ထုံးဖြင့်တို့ပြီး ကြွက်နို့ပေါ်မှာ ဖြည်းဖြည်းချင်း ပွတ်ပေးပါ။
၃။ စိန်၊ ကနခို၊ ရှားစောင်းစေး အမျှကြိတ်၍ ကြွက်နို့ထိပ်ဖောက်ပြီး တင်ပါ။

Genital Warts (1) လိင်အင်္ဂါကြွက်နို့ (၁)http://dts-medicaleducation-adult.blogspot.in/2012/04/genital-warts.html
Genital Warts (2) လိင်လမ်း ကြွက်နို့ (၂)http://dts-medicaleducation-adult.blogspot.in/2012/03/genital-warts-2.html နှင့် တွဲဖတ်ပါ။

   Credit to:  ဒေါက်တာတင့်ဆွေ
Like Box လေးမှအမှန်ခြစ်မပေါ်သေးရင် like လုပ်ပေးခဲ့ပါဦးနော်..
{[['']]}

0 comments:

Post a Comment

⋙-⋗( ကျနော်တင်သမျှဖတ်ချင်ရင်⋙ℒike⋘သွားပါ)⋖-⋘

ဖေ့ဘုတ်မှာကွန်မန့်ပေးချင်ရင်ပုံကိုကလစ်ပီးကွန်မန့်ပေးနိုင်ပါပီ




************************************

*အဆင်မပြေတာတွေရှိခဲ့ရင်
*
*( viber whatsapp wechat )
*
* အဆင်ပြေမဲ့နေရာတွေကနေ
*
* SMS ပို့ပီးအကူညီတောင်းနိုင်ပါတယ်
*
* ချက်ဘောက့်တွေကနေတဆင့်လိုချင်တာတွေ
*
* တောင်းထားနိုင်ပါတယ်
*
* အဆင်မပြေခဲ့တာတွေရှိခဲ့ရင်လည်း
*
*ခွင့်လွှတ်သီးခံပေးကျပါနော်..
*
************************************