
ပြန်လည်လာပီနော် ဒီနေရာလေးကို..
ကျနော်ဖုန်းလေးလည်း 7.1.1 ဖြစ်သွားတော့ ဒီအတိုင်းလေးနဲ့ပဲစောင့်ရဦးမှာပေါ့.ခိ့ခိ့..
ဒီဆော့ဝဲလေးကတော့ ကိုမိုးသိကြားဆီကပြန်ပီး ဝေမျှပေးတာပါ အခုဘားရှင်း 7.1 နှင့် 7.1.1 ကိုတင်မိ့တဲ့
သူတွေအတွက်ပါ..လုပ်နည်းတွေကတော့ အရင်ကလုပ်နည်းပါပဲ အောက်ကအတိုင်းသာလုပ်သွားပါ
အဆင်ပြေမှာပါ လုပ့်ကြည့်ကျနော်...
iOS 7 နှင့်အထက်ကို ယနေ့ထိ Jailbreak လုပ်လို့ မရသေးတာ အားလုံးပဲသိကြပါလိမ့်မယ်။ Jailbreak
မရသေးတဲ့အတွက် မြန်မာစာ အခက်အခဲကို ရင်ဆိုင်နေကြရမှာပါ။
အခုတော့ ဒီအခက်အခဲကို ကျော်လွှားနိုင်ဖို့ မြန်မာ Developer တစ်ဦးဖြစ်သူ (ယခင်ကလည်း iDevice
အတွက် ဇော်ဂျီကို ကြိုးပမ်းပေးခဲ့သူ၊ Mogok Browser, Likebook App များကိုရေးသားသူ)
"ကိုသန့်သက်ခင်ဇော်" က iOS 7 နှင့်အထက်မှာ မြန်မာစာကို ကောင်းမွန်စွာ
ဖတ်ရှုနိုင်အောင်လုပ့်ပေးထားတာပါ...
ဇော်ဂျီဖောင့် ဖတ်နိုင်ရန်အတွက်...
- မိမိဖုန်းဘောက်စာကိုဖွင့်ပီးတော့ ((( ဒီနေရာကိုကလစ်ပီးတော့ ))) ဒေါင်းလိုက့်ပါ..
- ထိုအခါ iDevice ၏ Setting ထဲသို့ရောက်သွားပြီး "Install" ဆိုတာကို နှိပ်လိုက်ပါ။
- "Install" လုပ်ပြီးသွားတဲ့ အခါမှာ မည်သည့် App တွင်မဆို မြန်မာစာ(ဇော်ဂျီ) နှင့် ရေးသားထားသော စာများကို ကောင်းမွန်စွာ ဖတ်ရှုနိုင်ပါလိမ့်မည်။ Install လုပ်ပြီးသော်လည်း ဖတ်ရှု၍ မရသေးပါက iDevice ကို Reboot လုပ်ပါ။
ပြန်လည်ဖျက်ပစ်လိုပါက Settings -> General -> Profiles -> Remove နှင့် ဖျက်ပစ်နိုင်ပါသည်။
ယခုကဲ့သို့ မြန်မာဖောင့်ကို သွင်းယူပြီးသော်လည်း "Safari Browser" တွင် မြန်မာဆိုက်များအား ဖတ်ရှုရာတွင် မြန်မာစာ မပေါ်သေးပါ။ မြန်မာလို မှန်ကန်စွာ ဖတ်ရှုနိုင်ရန် အောက်ပါအတိုင်း ဆက်လက်၍ လုပ်ဆောင်ပါ..
Safari Browser တွင်ပြင်ဆင်နည်း
- ပထမဦးစွာ "Safari" ကို ဖွင့်ပြီး မြန်မာဆိုက် တစ်ခုကိုဖွင့်ပါ၊ ထိုနောက်
ကို နှိပ်ပြီး
ပုံကို ရွေးလိုက်ပါ။
- Location ကို Bookmarks တွင်ထားပါ။ အမည်ကို "Zawgyi Force" ဟု ပေးပြီး "Save" လုပ်ပေးလိုက်ပါ။
- Bookmark icon
ကို နှိပ်၍ "Bookmarks" ထဲက "Edit" ကို နှိပ်ပါ။
- "Zawgyi Force" ကို ရှာပါ၊ တွေ့ရင် Address နေရာတွင် အောက်ပါ code များကို Copy ကူးယူ၍ Replace လုပ်ပါ။
- javascript:(function () {var css = document.createElement("style");css.type = "text/css"; css.innerHTML = "body,html,p,textarea,input,* {font-family: 'Zawgyi-One' !important}";document.body.appendChild(css); for (k = 0; k < document.getElementsByTagName('frame').length; k++) { document.getElementsByTagName('frame')[k].contentDocument.body.appendChild(css);} })();
- "Save" လုပ်ပါ။
- အသုံးပြုနည်းကတော့ မြန်မာစာ မပေါ်သော မည်သည့် ဆိုက်ကိုမဆို အရင်သွားပြီးတာနဲ့ "Bookmarks -> Zawgyi Force" ကို နှိပ်လိုက်ပါ။
အခုဆိုရင် မြန်မာစာများ အလိုလျှောက် ပြောင်းလဲသွားပြီး Safari Browser တွင် မှန်ကန်စွာ ဖတ်ရှုနိုင်ပါပြီ။
အားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်..
အဆင်ပြေတယ်ဆိုရင် မန်ဘာဝင်ပီး အားပေးပါဦးနော်.....
{[['
']]}
0 comments:
Post a Comment