ကိုယ့်ရဲ့ Blog မှာ Mailware တွေ့တယ်ဆိုပြီးပြတဲ့ Google Mailware Warning ကို Remove လုပ်နည်း

ရွှေမိုးညို | 4:22 am | Best Blogger Tips



မိတ်ဆွေများကြုံဖူးကြရဲ့လား.. ကိုယ့်ရဲ့ဘလော့ကို Google က The Website Ahed Contains Mailware ! ဆိုပြီးတော့ Mailware Warning တက်နေတာကိုလေ..

Google-Chrome-Shows-Harful-content-www.maungpauk.org

ကိုယ့်ရဲ့ ဘလော့မှာ Mailware တွေ့တယ်ဆိုတော့ တော်တော်လန့်သွားမှာပဲခင်ဗျာ..
တကယ်တော့ ကိုယ့်ဘလော့ထဲကို သူများက Mailware နဲ့ တိုက်ခိုက်ဖို့ဆိုတာ သာမန်အဖို့တော့ တော်တော် မလွယ်သလို ကျွန်တော်တို့လို သာမန် ဘလော့လောက်ကိုလည်း မတိုက်ခိုက်ကြပါဘူး.. ဒီလို Warning ကြီးပေါ်လာရတဲ့ အဓိက ပြဿနာက ကျွန်တော့်တို့တွေ ဘလော့ကို အလှဆင်ချင်လွန်းလို့ သူများဆီက ကူးထည့်လိုက်တဲ့ ကုဒ်တွေ၊ Script တွေ ကြောင့် ဖြစ်ရတာပါ.. ကျွန်တော်တို့ ထည့်လိုက်တဲ့ ကုဒ်တွေ၊ Script တွေမှာ Google က မသင်္ကာစရာတွေပါလာလို့ ခုလိုသတိပေးခံရတာဖြစ်ပါတယ်.. ဒီအတွက် Google ကို တော်တော်ကျေးဇူးတင်ရပါမယ်.. ဘာလို့လဲဆိုတော့ Blogger ဆိုတာကို Sub Domain Name တစ်ခု၊ Unlimit Bandwidth နဲ့ Unlimited Host တွေကို အလကား Free ချထားပေးတဲ့အပြင် ကိုယ့်အလကားသုံးနေတဲ့ ဘလော့ကို တိုက်ခိုက်လာနိုင်၊ အန္တရာယ်ပေးလာနိုင်တာကိုတောင် သူက ကာကွယ်ပေးလို့ပါပဲ...
ကဲ ကိုယ့်ဘလော့မှာ The Website Ahed Contains Mailware ! ဆိုပြီးတော့များ ကြုံလာခဲ့ရင် ဖြေရှင်းနည်းလေး ပြောပြချင်ပါတယ်..

1. ပထမဆုံး အောက်က လင့်ကိုသွားပါ...
2. ကျလာတဲ့ဘောက်ထဲက http:// လို့ရေးထားတဲ့ဘောက်ကလေးထဲမှာ ကိုယ့်ဘလော့၊ ဒါမှ မဟုတ် ဘလော့နဲ့ချိတ်ထားတဲ့ ဒိုမိန်း ကိုရိုက်ထည့်လိုက်ပါ.. http:// ကို မဖျက်မိစေနဲ့နှော်.. ဖျက်မိရင်လည်း http:// ပါအောင်ထည့်ရမှာဖြစ်ပါတယ်.. ဥပမာ http://www.maungpauk.org ပေါ့ဗျာ.. ပြီးရင် Submit ကိုနှိပ်လိုက်ပါ..
Redlegs-BlogspotBlogger-Tool+by+www.maungpauk.org

3. ဒါဆိုရင်တော့ ကိုယ့်ဘလော့ကို စစ်ဆေးပြီးတော့ နောက် Page တစ်ခုထွက်လာပါတယ်.. အဲဒီမှာ အနီရောင်နဲ့ ဘယ်နားက ကုဒ်က ဖြစ်နေတာကိုဆိုတာကို ပြပေးပါတယ်.. တကယ်လို့ မပြေပေးသေးဘဲ စာမျက်နှာတိုတိုလေးပဲ လုပ်ထားရင်တော့ Located Here ဆိုတာကိုနှိပ်လိုက်ပါ...
Find-Problem-affected-page-www.maungpauk.org 
Problem-finded-www.maungpauk.org
4. ကိုယ့်ဘလော့ရဲ့ html Code တွေကြားထဲမှာ အနီရောင်နဲ့ပြထားတဲ့စာသားကြောင့်ပါတဲ့ခင်ဗျာ.. ကဲဒါဆိုရင် အဲဒီ အနီရောင်နဲ့ပြထားတဲ့စာသားကို ကော်ပီကူးလိုက်ပြီး ကိုယ့်ဘလော့ထဲက Template > Edit Html ထဲကို ဝင်ပြီး ကလစ်တစ်ချက်ချ Control + F နှိပ်ပြီး ကူးလာတဲ့စာသားကိုထည့် Enter ခေါက်.. ထပ်တူတွေ့တဲ့ ကုဒ်ကို ဖျက်လိုက်ရမှာဖြစ်ပါတယ်.. တစ်ခါတစ်လေ html Code တွေက ကျွန်တော်တို့ထည့်ထားခဲ့တဲ့ Page Element ထဲမှာလည်းရှိနေနိုင်ပါတယ်.. ရှာပြီး ဖျက်လိုက်ပါ..

ပြီးရင်တော့ Save လုပ်လိုက်တာနဲ့ Malware တွေ့တယ်ဆိုတဲ့ ကိစ္စ .. အဆင်ပြေသွားပါပြီခင်ဗျာ..

အဆင်ပြေကြပါစေ..

မောင်ပေါက် < Knowledge Note >
Like Box လေးမှအမှန်ခြစ်မပေါ်သေးရင် like လုပ်ပေးခဲ့ပါဦးနော်..
{[['']]}

0 comments:

Post a Comment

⋙-⋗( ကျနော်တင်သမျှဖတ်ချင်ရင်⋙ℒike⋘သွားပါ)⋖-⋘

ဖေ့ဘုတ်မှာကွန်မန့်ပေးချင်ရင်ပုံကိုကလစ်ပီးကွန်မန့်ပေးနိုင်ပါပီ




************************************

*အဆင်မပြေတာတွေရှိခဲ့ရင်
*
*( viber whatsapp wechat )
*
* အဆင်ပြေမဲ့နေရာတွေကနေ
*
* SMS ပို့ပီးအကူညီတောင်းနိုင်ပါတယ်
*
* ချက်ဘောက့်တွေကနေတဆင့်လိုချင်တာတွေ
*
* တောင်းထားနိုင်ပါတယ်
*
* အဆင်မပြေခဲ့တာတွေရှိခဲ့ရင်လည်း
*
*ခွင့်လွှတ်သီးခံပေးကျပါနော်..
*
************************************