ဗိုင်းရပ်ကြောင့် Window ကျသွားတဲ့ စက်တွေမှာ ဒေတာတွေကိုဘယ်လိုပြန်လိုက်မလဲ

Blog Jhun Lwin | 9:13 am | | Best Blogger Tips


ဒီနေ့ပြောပြချင်တဲ့ အကြောင်းကတော့ ဗိုင်းရပ်ထိပြီး အကြောင်းအမျိုးမျိုးကြောင့် Window ပြန်မတတ်နိုင်တော့တဲ့ စက်တွေက
Data တွေကိုဘယ်ဘယ်လိုပြန်ယူလို့ရမလဲဆိုတာ ပြောပြပေးပ့ါမယ်။
ကွန်ပျူတာအသုံးပြုသူတွေရဲ့ အကြောက်ဆုံးတခုကတော့ ဗိုင်းရပ်ပါဘဲ လူတွေက ဗိုင်းရပ်ဆို အသံကြားတာနဲ့တင်လန့်နေတတ်ကြပါတယ်
ဗိုင်းရပ် အမျိုးအစားများစွာရှိတဲ့အထဲက ကွန်ပျုတာအသုံးပြုသူတွေရဲ့ စိတ်အနှောက်အယှက်ဖြစ်စေတဲ့ ဗိုင်းရပ်အမျိုးအစား တွေကလဲတော်တော်များပြားလှပါတယ်
တချို့ ဗိုင်းရပ်တွေဆိုရင် တော်တော်အစွမ်းထက်လှအောင် ကြောက်စရာကောင်းလှတဲ့ ဗိုင်းရပ်တမျိုးကို ကျွန်တော်တွေ့ခဲ့ဘူးပါတယ် ကျွန်တော်ကွန်ပျုတာစသုံးဖြစ်ခဲ့တဲ့ 2010 ခုနှစ်လောက်ကပါ။
အဲ့တုံးက အရမ်းခောတ်စားတဲ့ အင်တာနက်မှာနံမယ်ကြီးသီးချင်းတွေကို စုစဉ်းပြီး DVD အယ်ဘမ် လုပ်ထားတဲ့ အခွေတစ်ခွေကို သူငယ်ချင်းတယောက်က MP3
ပြန်ပြောင်းခိုင်းခဲ့တာက ဖြစ်ခဲ့တာပါ အဲ့ဗိုင်းရပ်က ဘယ်လောက်ဆိုးလဲ ဆိုတော့  DVD အခွေကို Drive ထဲ ထည့်ပြီးတုံးခဏဘဲရှိသေးတယ် Window ပြုတ်ကျသွားပါတယ်
အဲ့တုံးက Window တင်တတ်ခါစဆိုတော့ပြသနာကိုသေသေချာချာ ဂဃနဏဏ မသိသေးပါဘူး Window ဘဲအလွယ် ပြန်တင်ခဲ့ပါတယ် ....
ဗိုင်းရပ်တွေက အမျိုးအစားတော်တော်များသလို တော်တော်ဒုက္ခပေးတဲ့ အရမ်းအစွမ်းထက်တဲ့ ဗိုင်းရပ်မျိုးကို ဗိုင်းရပ်ရေးသူတွေက ဖန်းတီးခဲ့ပါတယ်
ဗိုင်းရပ်တွေထဲမှာ Microsoft Window တိုက်ခိုက်တဲ့ဗိုင်းရပ်အမျိးစားတွေက အများဆုံးလို့သိရပါတယ်။

ဒီကနေ့သူငယ်ချင်းတို့ ကွန်ပျုတာထဲကို ကျွန်တော်ကြုံခဲ့သလိုမျိုး Window ကျသွားတဲ့အထိဆိုးရွားတဲ့ ဗိုင်းရပ်ထိပြီး Window ကျတဲ့သူငယ်ချင်းတွေအတွက် ကျသွားခဲ့တဲ့ Window ထဲက ဒေတာတွေ
ကိုယ်မသိမ်းရသေးတဲ့ အရေးကြီးတဲ့ File တွေ Folder တွေကို မိမိကွန်ပျုတာ Windowတင်မထားတဲ့ Drive D: ထဲမှဲာ့(သို့မဟုတ်)အခြားနေရာမှာလုံလုံခြုံခြုံ အမြဲသိမ်းထားဘို့လိုပါလိမ့်မယ်
ဒီလိုမှမဟုတ်ရင်တော့ ကိုယ်အချိန်ပေးပြီးစုဆောင်လာတဲ့(သို့မဟုတ်)ကိုယ်တိုင်အချိန်ပေးပြီးဖန်တီးထားတဲ့ ဒေတာတွေဆုံးရှုံးရပါလိမ့်မယ် တကယ်လို့ဒီပြသနာတက်ခဲ့မယ်ဆိုရင် ကိုယ်ကဘာမှပြင်ဆင်မထားရသေးဘဲ
အကြောင်းအမျိုးမျိုးကြောင့် Window ကျခဲ့မယ်ဆိုရင် Window ကျသွားခဲ့တဲ့ ထဲမှာမိမိလိုချင်တာတွေ ပြန်ယူလို့ ရနိုင်တဲ့နည်းလမ်းတွေအများကြီးရှိပါတယ်ဗျာ....

အခုအဆင်ပြေဆုံးနည်းလမ်းလေးတခု ပြောပြပေးလိုက်ပါမယ်....

လိုအပ်တာတွေကိုအရင်ဒေါင်းလော့ဆွဲလိုက်ပါအုံးနော်..ဗားရှင်းနှစ်ခုတင်ပေးထားပါတယ်

 ဒေါင်းလော့ဆွဲပြီးပြီဆိုရင်  အောက်ကပုံတွေအတိုင်း အခွေအရင်ဘမ်းလိုက်ပါနော်
 1.ဒေါင်းလော့ဆွဲလို့ရလာတဲ့  Zip ဖိုင်လေးကိုဖြည့်လိုက်ပါ








        2.ဖြေလိုရလာတဲ့အထဲက BurnToCD .Bat File လေးကိုRun လိုက်ပါ




    

       3. Star Button လေးကကလစ်ပြီး DVD Drive အဖုံးပွင့်လာရင် အ ထဲကို CD      
           အလွတ်တချပ်ထည့်လိုက်ပါ။


4.Pleace insert a"blank"disc into the drive. "OK" 
   ခုဏက အခွေထည့်ပြီးလို "OK" နှိပ်ပြီးရင် အခွေစဘမ်းနေပါလိမ့်မယ်။


 အဲ့အပေါ်ကပုံစံအတိုင်း ပေါ်နေပြီဆို အခွေဘမ်းနေတာသေချာပါပြီ ခဏစောင့်နေလိုက်ပါ။

  ပြီးရင်အောက်က လိုပုံလေး အခွေကူးပြီးစီးကြောင်းပြပါလိမ့်မယ်


 Complete ပြနေပြီဆို  Close နဲ့ပိတ်လိုက်ပါ ပြီးပြီးဆို Hiren BootCD 

 အခွေရပါပြီ ဒါဆိုရင် အောက်ကအဆင့်တွေအတိုင်းလုပ်ပေးလိုက်ပါ

Hiren BootCD အသုံးပြုနည်းတွေကအများကြီးရှိပါတယ်
ဒီအကြောင်းတွေကိုလဲ နောက်မှ အပြည့်အစုံစာအုပ်ထပ်ရေးပါအုံးမယ်
လောလောဆယ် Window ကျသွားတဲ့ စက်တွေမှာ ဒေတာတွေကို
ပြန်ဆယ်နည်းလေးရေးပေးလိုက်ပါ့မယ်.



Hiren BootCD အသုံးပြုနည်း
-------------------------------
 Window ကျသွားပြီဒေတာတွေပြန်လည်ရယူလိုတယ်ဆိုရင်တော့ မိမိကွန်ပျုတာကို ဝင်းဒိုးတင်သလိုဘဲ
 Boot အရင်ခေါ်လိုက်ပါ Hiren BootCD  နဲ့တတ်လာရင် အောက်ကလို ပုံလေးပါ



  အဲထဲမှာ Mini Window XP ကိုရွေးပြီး Enter နှိပ်လိုက်ပါ Window XP တတ်လာပါလိမ့်မယ် 
  အဲ့ဒီတော့မှ ကိုယ်မသိမ်းရသေးတဲ့ ဝင်းဒိုးအဟောင်းထဲက ဖိုင်တွေပြန်ရှာပြီး သိမ်းထားလိုက်ပါ။
 
 
 
Hiren BootCDမှာ အသုံးဝင်တဲ့ အခြားဟာတွေအများကြီးပါဝင်ပါသေးတယ်
အဲ့ဒါတွေကတော့
1. Administrator အကောက် Pressword ကိုမေ့နေရင်ပြန်ဖြုတ်နိုင်ပါတယ်
2. Window  တင်ပြီးသားတွေကို Clone ရိုက်ပြီး အခြားစက်တွေမှာ ပြန်သုံးနိုင်ပါတယ်
    ဒီလိုအသုံးပြုခြင်းအားဖြင့် ဝင်းဒိုးတင်တာပုံမှန် 1နာရီ လောက်အချိန်းပေးစရမလိုဘဲ ခဏလေး
    ဝင်းဒိုးအသစ်ပြန်ရနိုင်ပါတယ်
3. Window ကျသွားတဲ့အချိန် Window အဟောင်းထဲက ဒေတာတွေပြန်လည်ရယူနိုင်ပါတယ်
4. မိမိကွန်ပျူတာထဲကို ဝင်ရောက်နေတဲ့ဗိုင်းရပ်ကုတ်တွေကို Hiren BootCD  Boot တတ်ပြီးရှင်းလင်းနိုင်ပါတယ်
5. Bios Pressword တွေကိုလဲဖြုတ်ပေးနိုင်ပါတယ်
    ဒါကတော့ မားသားဘုတ်အလိုက် ရတဲ့ဟာရှိသလိုမရတာတွေလဲ ရှိတတ်ပါတယ်

 ကဲဒီညတော့ဒီလောက်ပါဘဲ နောက်မှ အသုံးပြုနည်းစာအုပ်ရေးပေးပါအုံးမယ်နော်
 အဆင်ပြေပါစေဗျာ။။
                              ဟန်မိုးလွင်(အိမ်လွမ်သူ)
                               www.hanmoelwin.com

Like Box လေးမှအမှန်ခြစ်မပေါ်သေးရင် like လုပ်ပေးခဲ့ပါဦးနော်..
{[['']]}

0 comments:

Post a Comment

⋙-⋗( ကျနော်တင်သမျှဖတ်ချင်ရင်⋙ℒike⋘သွားပါ)⋖-⋘

ဖေ့ဘုတ်မှာကွန်မန့်ပေးချင်ရင်ပုံကိုကလစ်ပီးကွန်မန့်ပေးနိုင်ပါပီ




************************************

*အဆင်မပြေတာတွေရှိခဲ့ရင်
*
*( viber whatsapp wechat )
*
* အဆင်ပြေမဲ့နေရာတွေကနေ
*
* SMS ပို့ပီးအကူညီတောင်းနိုင်ပါတယ်
*
* ချက်ဘောက့်တွေကနေတဆင့်လိုချင်တာတွေ
*
* တောင်းထားနိုင်ပါတယ်
*
* အဆင်မပြေခဲ့တာတွေရှိခဲ့ရင်လည်း
*
*ခွင့်လွှတ်သီးခံပေးကျပါနော်..
*
************************************